ဩစတြေးလျမှာ IVF ကုသမှုခံယူတော့မယ်ဆိုရင် ဘာတွေသိထားသင့်သလဲ

Ib tug poj niam muaj me nyuam tuav ib daim duab ultrasound uas pom ib tug me nyuam mob liab ntawm nws tes

Ntawm Australia no ces tej txij nkawm uas txiv neej nyiam txiv neej poj niam nyiam poj niam (same-sex couples) los yog tej niam txiv uas muaj tib tug niam los sis tib tug leej txi ua tus tab cuab tab yig (single parents), li tej poj niam thiab tej txiv neej uas muaj tsis tau me nyuam yeej tau siv IVF pab txhua xyoo kom muaj ntau txheeb tus me nyuam. Source: Moment RF / Maria Legoshina/Getty Images

IVF (ခေါ်) ဖန်ပြွန်သန္ဓေသားနည်းပညာဟာ ဩစတြေးလျနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ လူအများအပြားအတွက် မိဘဖြစ်လာဖို့ လမ်းစတစ်ခုဖြစ်ပါတယ်။ တချို့သူတွေအတွက်တော့ ဒါဟာ ကလေးရနိုင်စွမ်း အခက်အခဲတွေကို ကျော်လွှားဖို့ အထောက်အကူဖြစ်စေပြီး၊ တချို့ လိင်တူစုံတွဲ ဒါမှမဟုတ် တချို့ လူပျိုကြီး/အပျိုကြီး ဘဝနဲ့ နေထိုင်လိုပေမယ့် သားသမီး ရချင်တဲ့လူတွေအတွက် မိသားစုထူထောင်နိုင်ဖို့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။


Key Points
  • Data from all IVF clinics in Australia are available on a government-funded website
  • Experts advise examining various factors when choosing a fertility clinic
  • Make sure to check if you are eligible for government-funded fertility services
  • Fertility counselling helps you understand and prepare for any possible outcome of yours or your partner’s fertility treatment

၁၉၇၈ ခုနှစ်မှာ ကမ္ဘာ့ပထမဆုံး IVF ကလေးငယ်ကို ဗြိတိန်မှာ မွေးဖွားနိုင်ခဲ့ရာကနေ မျိုးဆက်ပွားကုသမှုရဲ့ အနာဂတ်ဟာ အများကြီး ပြောင်းလဲသွားခဲ့ပါတယ်။ ဒီကနေ့ခေတ်မှာတော့ IVF ကို ကမ္ဘာတစ်ဝှမ်းမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပြီဖြစ်ပြီး၊ ဩစတြေးလျဟာ လူဦးရေအချိုးအစားအလိုက် IVF အသုံးပြုမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။

Professor Georgina Chambers ဟာ New South Wales တက္ကသိုလ်က အမျိုးသား သားဖွားမီးယပ် ကပ်ရောဂါဗေဒနဲ့ စာရင်းအင်းဌာနရဲ့ ညွှန်ကြားရေးမှူးဖြစ်ပါတယ်။ သူမဟာ ANZARD လို့ခေါ်တဲ့ ဩစတြေးလျနဲ့ နယူးဇီလန် မျိုးဆက်ပွားကူညီမှုဆိုင်ရာ ဒေတာဘေ့စ်ကိုလည်း ကြီးကြပ်နေသူပါ။ ဒီအဖွဲ့အစည်းဟာ ဩစတြေးလျနဲ့ နယူးဇီလန်တစ်ဝှမ်း လုပ်ဆောင်သမျှ IVF အလှည့်တိုင်းကို မှတ်တမ်းတင်ထားတယ်လို့ Professor Chambers က ဆိုပါတယ်။

Another Day of Research
Submitting data to the national IVF registry is mandatory for all fertility clinics in Australia. ANZARD data undergoes annual audits as part of a clinic’s accreditation. Credit: SolStock/Getty Images

"ကျွန်မတို့ဆီမှာ (cycle) အားလုံးရဲ့ ၁၀၀ ရာခိုင်နှုန်း မှတ်တမ်းရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ကျင့်ဝတ်စည်းကမ်းနဲ့ လိုင်စင်သဘောတူညီချက်အရ မဖြစ်မနေ အစီရင်ခံရလို့ပါ။ ဒါကြောင့် ကျွန်မတို့မှာ သုတေသနလုပ်ဖို့၊ ပြည်သူကို အသိပေးဖို့နဲ့ yourivfsuccess.com.au ဆိုတဲ့ဝက်ဘ်ဆိုက်မှာ အချက်အလက်တွေ ဖြည့်သွင်းဖို့အတွက် ခိုင်မာတဲ့ စာရင်းအင်းတွေ ရှိနေတာပါ။ ဒီဝက်ဘ်ဆိုက်ကနေ လူတွေဟာ ဩစတြေးလျက IVF ကုသမှုတွေအကြောင်း ရှာဖွေနိုင်ပါတယ်။"

ဒီဝက်ဘ်ဆိုက်ဟာ ဩစတြေးလျအစိုးရက ရန်ပုံငွေထောက်ပံ့ထားတာဖြစ်ပြီး ဆေးခန်းတွေနဲ့ မပတ်သက်တဲ့ လွတ်လပ်တဲ့ ဆိုဒ်တစ်ခုပါ။ New South Wales တက္ကသိုလ်ကနေ အချက်အလက်တွေကို စုစည်းပြီး လူထု နားလည်လွယ်အောင် တင်ပြထားတာပါ။ ဒါဆို ဒီဆိုဒ်ကနေ ဘာတွေ သိနိုင်မလဲ?

လာရောက်ကြည့်ရှုသူတွေဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ IVF စာရင်းအင်းတွေကို ကြည့်နိုင်သလို၊ မိမိတို့ရဲ့ အခြေအနေအလိုက် တွက်ချက်ပေးတဲ့ ကိရိယာတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက် ကလေးရနိုင်ခြေ ဘယ်လောက်ရှိလဲဆိုတာကို ခန့်မှန်းပေးနိုင်တဲ့ calculator လည်း ပါဝင်တယ်လို့ ပါမောက္ခ ချိန်ဘာက ပြောပါတယ်။

အွန်လိုင်း တွက်ချက်စက် တစ်ခု ဖြစ်ပါတယ်။ အဲဒီထဲမှာ မိမိရဲ့ အသက်၊ အိမ်ထောင်ဖက်ရဲ့ အသက်၊ ရောဂါအခြေအနေ၊ အရင်က IVF လုပ်ဖူးတဲ့ မှတ်တမ်း စတာတွေကို ဖြည့်သွင်းလိုက်ရင် IVF နည်းနဲ့ ကလေးရနိုင်ခြေ ဘယ်လောက်ရှိမလဲဆိုတဲ့ ကိုယ်ပိုင်ခန့်မှန်းချက်ကို တွက်ချက်ပေးနိုင်တယ်။" လို့ ပြောပါတယ်။

ဒါ့အပြင် ဩစတြေးလျက IVF ဆေးခန်းအားလုံးရဲ့ အောင်မြင်မှုနှုန်းတွေကိုလည်း အွန်လိုင်းမှာ ရှာဖွေကြည့်ရှုနိုင်ပါတယ်။

IVF ဆေးခန်း ဘယ်လို ရွေး

"လူနာတွေဟာ ဆေးခန်းနာမည်နဲ့ ဖြစ်ဖြစ်၊ ကိုယ့်အိမ်တည်ရှိရာ စာတိုက်နံပတ် Postcode နဲ့ဖြစ်ဖြစ် အနီးနားက ဆေးခန်းတွေကို ရှာလို့ရပါတယ်။ အဲဒီဆေးခန်းတွေရဲ့ အောင်မြင်မှုနှုန်းကို ဩစတြေးလျ တစ်နိုင်ငံလုံးက ဆေးခန်းတွေရဲ့ ပျမ်းမျှနှုန်းတွေနဲ့ နှိုင်းယှဉ်ပြထားပါတယ်။ ဒါကြောင့် ဆေးခန်းကို တကယ်မသွားခင်မှာ ကြိုတင်နှိုင်းယှဉ် လေ့လာနိုင်တာပေါ့။"

Fertility Society of Australia and New Zealand ရဲ့ ဥက္ကဋ္ဌ Petra Wale ကတော့ အောင်မြင်မှုနှုန်းဆိုတာဟာ အချက်အလက်တစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

Smiling female healthcare worker showing in vitro fertilization chart while discussing with patient in clinic
“I think it's important for patients to receive referrals from others in their community groups who received fertility treatment from a clinic and found it was supportive to their specific needs,” Dr Wale says. Credit: Maskot/Getty Images/Maskot

"အောင်မြင်မှုနှုန်းထက် ပိုအရေးကြီးတာက လူနာတစ်ဦးချင်းစီအပေါ် ဂရုစိုက်မှု၊ ပွင့်လင်းမြင်သာမှု၊ သိပ္ပံနည်းကျကျ လုပ်ဆောင်မှုနဲ့ ပံ့ပိုးကူညီမှုတွေ ဖြစ်ပါတယ်။ လူနာတွေအနေနဲ့ ဆေးခန်းကို မေးခွန်းထုတ်ဖို့ မကြောက်သင့်ပါဘူး။ သူတို့က လူနာတစ်ဦးချင်းစီအပေါ် ဘယ်လိုသဘောထားသလဲ၊ အစီအစဉ်အတိုင်း ဖြစ်မလာရင် ဘယ်လိုကူညီမလဲ၊ ဒါမှမဟုတ် မတူညီတဲ့ ယဉ်ကျေးမှုနောက်ခံရှိသူတွေအတွက် ဘယ်လို လိုက်လျောညီထွေဖြစ်အောင် လုပ်ပေးမလဲ ဆိုတာတွေကို မေးမြန်းသင့်ပါတယ်။"

Dr Wale, whose background is in clinical embryology, encourages people to ask fertility clinics about their approach, including questions about:

  • the level of personalised care offered 
  • transparency and scientific rigour safeguards 
  • support services available 
  • whether they tailor the treatment for their specific needs 
  • whether they tailor for cultural requirements 
Midsection of lesbian woman injecting syringe in abdomen during IVF test at home
If your fertility specialist is recommending an optional add-on in your treatment, ask them about the benefits it will offer you and whether it’s worth the cost. Credit: Maskot/Getty Images/Maskot

IVF ကုသမှုတွေဟာ ကုန်ကျစရိတ် များနိုင်ပါတယ်။ လူအများစုဟာ ကိုယ်ပိုင်ကျန်းမာရေးအာမခံကနေ ပေးဆောင်ရတာ ဒါမှမဟုတ် ကိုယ်တိုင် အကုန်အကျခံရတာမျိုး ရှိပါတယ်။ Medicare ခံစားခွင့်ရှိသူတွေကတော့ ငွေပြန်အမ်းတာမျိုး ရနိုင်သလို၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရရဲ့ အစီအစဉ်တွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် မိမိအတွက် ဘယ်လို အထောက်အကူတွေ ရှိမလဲဆိုတာကို ဆရာဝန်နဲ့ အသေးစိတ် တိုင်ပင်ဖို့ အရေးကြီးပါတယ်။

Victoria ပြည်နယ်က ပြည်သူ့ကျန်းမာရေးစနစ်မှာ အလုပ်လုပ်နေတဲ့ Associate Professor Alex Polyakov ကတော့ ကလေးရဖို့အတွက် IVF တစ်ခုတည်း ရှိတာမဟုတ်ဘူးလို့ ပြောပါတယ်။

"Public Fertility Service လို့ခေါ်တဲ့ ဌာနဟာ GP ဆရာဝန်တွေဆီက လွှဲစာတွေကို လက်ခံပါတယ်။ ဆရာဝန်ရဲ့ လွဲစာနဲ့ လူနာတွေ ရောက်လာတဲ့အခါ လိုအပ်တဲ့ စစ်ဆေးမှုတွေ အကုန်လုပ်ပြီးမှ လိုအပ်တဲ့ ကုသမှုကို ပေးတာပါ။ ဥပမာ- သားဥကြွေအောင် လုပ်တာ (Ovulation induction)၊ သားအိမ်ထဲ သုတ်ပိုးထည့်တာ (IUI) နဲ့ IVF ကုသမှုတွေကို ပေးပါတယ်။"

အစိုးရဆေးရုံပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကဆေးခန်းပဲဖြစ်ဖြစ် အစပိုင်း လုပ်ဆောင်ချက်တွေကတော့ အတူတူပါပဲ။ အရင်ဆုံး မိသားစုဆရာဝန် (GP) ဆီက လွှဲစာယူရပါမယ်။ ပြီးရင်တော့ မျိုးဆက်ပွားဆေးခန်းမှာ ကျန်းမာရေးရာဇဝင် ပြောပြပြီးမှ ဆေးစစ်တာတွေ လုပ်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

"ဒုတိယအကြိမ် ချိန်းဆိုမှုက အရေးအကြီးဆုံးပါ။ အဲဒီအချိန်မှာ စစ်ဆေးချက် အဖြေတွေကို ကြည့်ပြီး ဘယ်နေရာမှာ ပြဿနာရှိလဲဆိုတာ ရှာဖွေပါတယ်။ တွေ့ရှိချက်အပေါ်မူတည်ပြီး ကုသမှုအစီအစဉ် ဆွဲပါတယ်။ ဥပမာ- အာထရာဆောင်း ရိုက်ကြည့်လို့ အသားပိုရှိနေတာ ဒါမှမဟုတ် သားအိမ်နံရံအပြင်ရောက် ရောဂါ (Endometriosis) ရှိနေတာ သိရရင် IVF မလုပ်ခင် ခွဲစိတ်ကုသမလား၊ ဒါမှမဟုတ် IVF ကိုပဲ အရင်စမလားဆိုတာ တွေ့ရှိချက်အပေါ် မူတည်ပြီး ဆုံးဖြတ်ရမှာပါ။"

ဒီလုပ်ငန်းစဉ်တစ်လျှောက်မှာ ကျွမ်းကျင်ပညာရှင်တွေက ကူညီပေးသွားမှာပါ။ ဘယ်သူတွေ ပါဝင်မလဲဆိုတာကို Petra Wale က အခုလို ရှင်းပြပါတယ်။

Three persons talking in the office
Fertility treatment, like IVF, whether at a private clinic or a public services provider, starts with a doctor’s referral and involves history taking on your first visit to the clinic, and medical examinations. Source: Moment RF / Fiordaliso/Getty Images

"မျိုးဆက်ပွား အထူးကုဆရာဝန်ကတော့ ကုသမှုကို စတင်ညွှန်ကြားပေးမယ့်သူပါ။ မျိုးဆက်ပွားဆိုင်ရာ သူနာပြုက ဆေးဝါးအသုံးပြုပုံကို ကူညီမယ်၊ သန္ဓေသားပညာရှင် (Embryologist) က ဓာတ်ခွဲခန်းထဲမှာ အလုပ်လုပ်ပေးမယ်၊ နောက်ပြီး စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးဖို့အတွက် အကြံပေးပညာရှင် (Counsellor) တွေလည်း ပါဝင်ပါမယ်။"

ပြည်နယ်အလိုက် ဥပဒေအရ IVF လိုမျိုး ကုသမှုတွေမှာ (အထူးသဖြင့် သုတ်ပိုး ဒါမှမဟုတ် မမျိုးဥ အလှူခံတာ၊ အငှားကိုယ်ဝန်ဆောင်တာတွေမှာ) အကြံပေးဆွေးနွေးမှု ခံယူဖို့ မဖြစ်မနေ လုပ်ရမယ်လို ပြဌာန်းထားတာ ရှိနိုင်ပါတယ်။ ဒီအတွက် ကုန်ကျစရိတ်ကို ကုသမှုစရိတ်ထဲမှာ တစ်ခါတည်း ထည့်သွင်းထားလေ့ ရှိပါတယ်။ ဒီအကြံပေးမှုဟာ ဘာကို ဦးတည်သလဲဆိုတာ Professor Polyakov က ရှင်းပြပါတယ်။

"ဒါဟာ ဥပဒေကြောင်းအရ အကြံပေးတာမျိုးပါ။ ဥပမာ- ဇနီးမောင်နှံက သန္ဓေသားကို ဖန်တီးပြီးမှ လမ်းခွဲသွားကြရင် အဲဒီသန္ဓေသားတွေကို ဘာလုပ်မလဲ ဆိုတာမျိုးတွေကို ကြိုတင်ညှိနှိုင်း ဆွေးနွေးထားတာ ဖြစ်ပါတယ်။"

ဥပဒေအရ မဖြစ်မနေ မဟုတ်ရင်တောင်မှ အကြံပေးဆွေးနွေးတာဟာ အလွန်အရေးကြီးတဲ့ အထောက်အပံ့ ဖြစ်တယ်လို့ Petra Wale က ဆိုပါတယ်။ ဒါဟာ ကုသမှုအတွင်း ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို နားလည်ပြီး ကြိုတင်ပြင်ဆင်နိုင်အောင် ကူညီပေးပါတယ်။

"ပံ့ပိုးကူညီမှုတွေ ရှိနေတာက အများကြီး ကွာခြားစေပါတယ်။ အကြံပေးပညာရှင်နဲ့ စကားပြောတာဟာ ခွန်အားဖြစ်စေသလို၊ တခြား အလားတူ အခြေအနေရှိသူတွေနဲ့လည်း အဖွဲ့လိုက် ဆွေးနွေးနိုင်ပါတယ်။ အရေးကြီးတာက ဒီခရီးလမ်းကို တစ်ယောက်တည်း ဖြတ်သန်းစရာ မလိုဘူးဆိုတာပါပဲ။"

အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ ကလေးရဖို့ ခက်ခဲတာဟာ လူအများစု ကြုံတွေ့ရတတ်တဲ့ ကိစ္စဖြစ်ပြီး ရှက်စရာမဟုတ်ပါဘူး။

"ကလေးရဖို့ ခက်ခဲတဲ့ ကိစ္စဟာ လူ့အဖွဲ့အစည်းတိုင်း၊ ယဉ်ကျေးမှုတိုင်းနဲ့ လူမျိုးတိုင်းမှာ ကြုံရနိုင်တဲ့ အရာပါ။ မိသားစုထူထောင်ခွင့်ဆိုတာ လူတိုင်းရဲ့ အခြေခံအခွင့်အရေးတစ်ခု ဖြစ်တာကြောင့် ဒီဆန္ဒကို အကောင်အထည်ဖော်တဲ့လူတွေကိုလည်း လူတိုင်းက အားပေးကူညီသင့်ပါတယ်။" လို့ ပြောသွားတဲ့အကြောင်း ရေးထားတဲ့ Zoe Thomaidou ရဲ့ ဆောင်းပါးကို တင်ဆက်လိုက်ပါတယ်ရှင်။ 

Subscribe or follow the Australia Explained podcast for more valuable information and tips about settling into your new life in Australia.

Do you have any questions or topic ideas? Send us an email to australiaexplained@sbs.com.au


Share

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now