ကလေး-ဂန့်ဂေါလမ်းပိုင်း မှာ ရှိတဲ့ ကျေးရွာတွေမှာ စစ်တပ်က အထိုင်ချတပ်စွဲထားတောကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေပြီး စိုတ်ပျိုးထားတဲ့လယ်တွေ မရိတ်သိမ်းနိုင်တာကြောင့် နောက်နှစ်ဝမ်းစာမရှိမှာကို စိုးရိမ်ပူပန်နေကြပါတယ်။
စစ်ရေးလှုပ်ရှားမှုတွေနှင့် စစ်ကြောင်းထိုးမှုတွေကြောင့် ကလေး-ဂန့်ဂေါလမ်းတစ်လျှောက်မှာရှိ ကျေးရွာတွေမှ ဒေသခံငါးသောင်းကျော်ဟာ သူတို့ပိုင်ဆိုင်တဲ့ အိုးအိမ်နှင့် လယ်ယာတွေးကို စွန့်ခွာကာ ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေရတာ အခုဆိုရင်တလကျော်ကြာလာခဲ့ပါပြီ။
Share






