Call it a day. ဒီစကားစုကို သင်ကြားဖူးပါသလား။
ကျွန်တော်တို့ call it a day လို့ပြောတဲ့အခါ တစ်ခုခုကို ဆက်မလုပ်တော့ဘဲ ရပ်လိုက်တာဖြစ်ပြီး အများအားဖြင့် ပင်ပန်းသွားလို့ ရပ်လိုက်တာကို ဆိုလိုပါတယ်။
Call it a day ဆိုတာက ရှေးကျတဲ့ စကားစုဖြစ်တဲ့ “call it half a day” ကနေ ဆင်းသက်လာတာပါ။ အဲဒီစကားစုကို ၁၈၃၀ ခုနှစ်တွေတုန်းက အလုပ်သမားတွေ တစ်နေ့တာ မပြီးခင် အလုပ်စောစောဆင်းတဲ့အခါ သုံးခဲ့ကြပါတယ်။
၁၉၁၉ ခုနှစ်လောက်မှာတော့ နည်းနည်း ပိုတိုသွားအောင် ‘call it a day’ ဆိုတဲ့ စကားစုကို အသုံးပြုကြပြီး ဒါဟာ အလုပ် ဒါမှမဟုတ် လှုပ်ရှားမှုတစ်ခုကို တစ်နေ့တာအတွက် ရပ်လိုက်ပြီး ပြန်မလုပ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ် အနေနဲ့ အသုံးပြုလာပါတယ်။
အချိန်ကြာလာတာနဲ့အမျှ “let’s finish now” "ကဲ နားလိုက်ကြရအောင်" လို့ ရိုးရိုးရှင်းရှင်းပြောဖို့အတွက် Call it a day ဆိုတဲ့ စကားစုကို အသုံးပြုလာခဲ့ပါတယ်။
ဥပမာ- နာရီနဲ့ချီ အလုပ်လုပ်ပြီးသွားတဲ့အခါမျိုးမှာ ကြားရလေ့ ရှိပါတယ်။
We’ve had a lot of meetings. Let's call it a day.
ကျွန်တော်တို့ အစည်းအဝေးတွေ အများကြီး လုပ်ပြီးသွားပြီ။ Let's call it a day. လို့ ပြောနိုင်ပါတယ်။
လှုပ်ရှားမှုတစ်ခုကို အပြီးသတ်တဲ့အခါမှာလည်း အခုလို ပြောနိုင်ပါတယ်။
I’ve been gardening all morning. I’m ready to call it a day. ကျွန်တော် တမနက်လုံး ဥယျာဉ်စိုက်ပျိုးနေတာ။ call it a day ဖို့ အချိန်တန်ပြီ လို့ ပြောနိုင်ပါတယ်။
သင်လုပ်နေတဲ့အရာကို ရပ်လိုက်ချင်တဲ့ သာမန်အခြေအနေတွေမှာလည်း အခုလို ပြောနိုင်ပါတယ်။
- Have you played enough basketball? Ok, let’s call it a day, then. ဘတ်စကက်ဘော အတော် ကစားပြီးပြီ မဟုတ်လား၊ let’s call it a day. လို့ လည်း ပြောနိုင်ပါတယ်။
သင်ပင်ပန်းတဲ့အခါ:
- I’ve been cleaning the house all morning — time to call it a day.
ကျွန်တော် တမနက်လုံး အိမ်သန့်ရှင်းရေး လုပ်နေတာ။— time to call it a day. လို့ ပြောနိုင်ပါတယ်။
ဤနေရာကိုနှိပ်ခြင်းဖြင့် စီးရီးတစ်ခုလုံးကို လေ့လာနိုင်ပါတယ်။
Spotify နှင့် Apple Podcasts များတွင်လည်း ရရှိနိုင်ပါသည်။
Credits:
Host: Shannon Williams
Written by: Josipa Kosanovic
Graphic design: Dorry Wang
Educational consultant: Professor Lynda Yates
Produced by: Josipa Kosanovic







