Key Points
- There are an estimated quarter of a million unique species of mushroom in Australia.
- Identifying edible species of mushrooms in Australia requires caution and expertise.
- Fatal Death cap mushrooms are extremely difficult to distinguish from other wild mushrooms and can resemble edible species.
တချို့မှိုတွေဟာ စားရတဲ့ မှိုနဲ့ ဆင်တူနေတဲ့အတွက် တခါတရံ အဲဒီလို အဆိပ်ရှိတဲ့ မှိုကို စားမိရင် မှိုဆိပ်တက်ပြီး သေတဲ့အထိ ဖြစ်နိုင်ပါတယ်။
ဒီ Australia Explained အစီအစဥ်မှာ ဩစတြေးလျနိုင်ငံမှာ မှိုကို လုံခြုံဘေးကင်းစွာ ခူးနိုင်သလား၊ ဘယ်နေရာတွေမျာ ခူးလို့ရသလဲ ဘယ်လို လုပ်ဆောင်နိုင်သလဲ ဆိုတဲ့အကြောင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
မှိုရှာထွက်တယ် ဆိုတာ တချို့လူတွေအတွက် စိတ်ပိုင်းဆိုင်ရာ အမှတ်တရတွေနဲ့ လူမှုအရေးအရ အရေးပါတဲ့ အရာဖြစ်နိုင်ပါတယ်။
ဆစ်ဒနီမြို့က Kristy Barbara ရဲ့ အဆိုအရ မှိုရှာထွက်တဲ့အခါတိုင်း သူငယ်ငယ်တုန်းက ဗစ်တိုးရီးယားပြည်နယ်က Altona ရပ်ကွက်မှာ သူ့အဖွားနဲ့ အတူတူ မှိုရှာထွက်တာကို ပြန်သတိရမိတယ်လို့ ပြောပါတယ်။
“ကျမရဲ့ အဖွားက ၁၉၄၀ ပြည့်နှစ် ဝန်းကျင်မှာ Malta နိုင်ငံကနေ ဩစတြေးလျနိုင်ငံကို ပြောင်းရွှေ့လာတာဖြစ်ပါတယ်။ သူဒီနိုင်ငံကို စတင်ရောက်လာခါစမှာ မှိုကို အများကြီး အခမဲ့ ရှာခူးနိုင်တာက သူ့အတွက် ပျော်စရာတစ်ခုဖြစ်ပြီး မှိုဟင်းကို ချက်စားလေ့ရှိပါတယ်။ အဲဒီတုန်းက ခူးတဲ့မှိုတွေက giant white field mushroomလို့ခေါ်တဲ့ အပွင့်ကြီးတဲ့ မှိုဖြူတစ်မျိုး ဖြစ်ပြီး အင်မတန် စားလို့ကောင်းတဲ့မှို ဖြစ်တယ်”
Diego Bonetto ဟာ နယူးဆောက်သ်ဝေးလ်ပြည်နယ်မှာ Wild Food workshop ဖွင့်ပြီး သူက တောထဲမှာ မှိုအပါအဝင် တခြား အစားအစာတွေကို ဘယ်လို ရှားစားနိုင်သလဲ ဆိုတာကို သင်ကြားပေးသူ ဖြစ်ပါတယ်။
မှိုရှာထွက်တာဟာ အန္တရာယ်ကင်းသရောင် ရှိပေမဲ့ ဘယ်ဟာက စားရတဲ့ဟာလဲ ဘယ်ဟာက စားလို့မရတဲ့ဟာလဲ ဆိုတာကို သေခြာမသိရင် အန္တရာယ်များတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။

Death cap mushroom လို့ ခေါ်တဲ့ အဆိပ်ပြင်းတဲ့ မှိုကို စားမိခဲ့မယ်ဆိုရင် သေတဲ့အထိ ဖြစ်နိုင်ပါတယ်၊ အများအားဖြင့် လူတွေက ဆေးရုံရဲ့ အရေးပေါ်ဌာနကို ရောက်သွားတာမျိုးဖြစ်ပြီး ဗိုက်နာလို့ ရက်အနည်းငယ်ကြာ ဆေးကုလိုက်ရပြီး သက်သာတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီတော့ စားမိတဲ့ မှိုအမျိုးအစားအပေါ် မူတည်ပြီး ခံစားရတဲ့ ဝေဒနာလည်း ကွာခြားနိုင်တယ်လို့ ပြောပါတယ်။
အဆိပ်ပြင်းတဲ့ death cap mushroom (Amanita phalloides) ကို Tasmania, Victoria, South Australia နဲ့ Australian Capital Territory တို့မှာ တွေ့ရနိုင်ပါတယ်။
Tasmania ပြည်နယ်က Cortinarius Eartoxicus မှိုကို စားမိရင် ကျောက်ကပ်ပျက်စီးနိုင်ပြီး ကျောက်ကပ်ဆေးရတာမျိုးဖြစ်နိုင်ပါတယ်။

မှိုရာသီက မတ်လ အလယ်ပိုင်းကနေ ဇွန်လလည်အပိုင်းအထိဖြစ်လေ့ရှိပြီး ရာသီဥတု အနေအထားနဲ့ နေရာဒေသ အပေါ် မူတည်ပါတယ်။ ဗစ်တိုးရီးယားပြည်နယ်က တခြားပြည်နယ်ထဲ စောလေ့ရှိပြီး နယူးဆောက်သ်ဝေးလ်၊ South Australia ပြည်နယ်မှာတော့ မှိုရာသီ ပိုနောက်ကျပါတယ်။ အကြမ်းအားဖြင့်တော့ မှိုရာသီက အီစတာကာလဝန်းကျင်လောက်မှာ စတင်လေ့ရှိတယ်လို့ ပြောပါတယ်။
မှိုရှာစားတာနဲ့ ပတ်သက်ပြီး ပြည်နယ်အလိုက် စည်းမျဥ်းစည်းကမ်းတွေ မတူညီတာမျိုး ရှိတယ်လို့လည်း ပြောပါတယ်။

နယူးဆောက်သ်ဝေးလ်ပြည်နယ်မှာဆိုရင် state forest မှာ ထင်းရှူးမှိုတွေကို ရှာစားခွင့်ရှိပေမယ့် တခြားပြည်နယ်တွေမှာ အဲလို မဟုတ်ပါဘူး။ Western Australia မှာ ဆိုရင် မှိုရှာစားလို့မရပါဘူး။ South Australia မှာလည်း ခွင့်မပြုထားသလို ဗစ်တိုးရီးယားပြည်နယ်မှာလည်း လိုလိုလားလား မရှိလှဘူးလို့ သူက ပြောပါတယ်။
ဒါပေမဲ့ ပုဂ္ဂလိက ခြံထဲမှာ ထွက်တဲ့မှိုတွေကိုတော့ ခြံရှင်က ခွင့်ပြုရင် ခူးခွင့်ရှိတယ်လို့ ပြောပါတယ်။
အဆိပ်ရှိတဲ့ မှိုကို စားမိလို့ စိုးရိမ်တယ်ဆိုရင် ဩစတြေးလျတခွင်လုံးက လူတွေအနေနဲ့ Poisons Information Centre ကို ဖုန်းဆက်နိုင်ပြီး ဖုန်းနံပတ်က ၁၃၁ ၁၂၆ ဖြစ်ပါတယ်။ အသက်အန္တရာယ်ရှိရင်တော့ သုံည သုံးလုံးကို ဆက်သွယ်ဖို့ ရေးထားတဲ့ Chiara Pazzano ရဲ့ ဆောင်းပါးကို တင်ဆက်လိုက်ပါတယ်ရှင်။
For life-threatening symptoms, call 000.








